ပုပ္ပါးအနုပညာမြိုင်

A retreat from the bustle

Popa Art Resort, tranquility and learning galleries residences under the extinct volcano of Mount Popa.

ပုပ္ပါးအနုပညာမြိုင်ဟာ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်တဲ့နေရာဖြစ်သလို သဘာဝအလှတရားကို ခံစားဖို့နေရာလည်း ဖြစ်ပါတယ်။ အနုပညာမြိုင်မှာ မြန့်မာ့ပုံရိပ်သမိုင်းမျိုးစုံနဲ့ ပန်းချီလက်ရာတွေကို ပြတိုက်တစ်ခုလို လေ့လာရမယ့် နေရာလည်းရှိပါတယ်။ ကဗျာဖန်တီးမှုနဲ့ တပ်ဆင်မှုအနုပညာများကိုလည်း အညာရဲ့ မန်ကျည်းပင်ရိပ်တွေအောက်မှာ ပျော်ဝင်နှစ်ခြိုက်ခံစားနိုင်ပါတယ်။ လူတွေရှုပ်တဲ့မြို့ပြနဲ့ ခေတ္တခဏ ဝေးဝေးနေချင်လို့ဖြစ်ဖြစ်၊ စာတစ်အုပ်ရေး၊ ပန်းချီဆွဲပြီးနေချင်သူတွေအတွက်လည်း နေထိုင်ခံစားဖွယ် အနုပညာဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ “အနုပညာကိုချစ်တဲ့သူက သဘာဝ တရားကို ချစ်တယ်၊ သဘာဝတရားကိုချစ်တဲ့သူက ပကာသနကိုမုန်းတယ်” ဒါဟာ အနုပညာမြိင်ရဲ့ အတွေးအခေါ်ဖြစ်သလို အနုပညာနဲ့ သဘာဝကို ယှဉ်တွဲခံစားနိုင်ဖို့ ဖန်တီးထားတဲ့နေရာလည်း ဖြစ်ပါတယ်။

Popa Art Resort is a lovely retreat in a quiet spot between Kyaukpadaung and Mount Popa. It has modern, comfortable guest rooms and bungalows as well as meeting rooms, display rooms, a museum, and extensive gardens.

Popa Art Resort is an ideal place for a family holiday, and self-directed travel such as birdwatching, walking tours, or getting to know the people and places. There are many places to explore on foot in the surrounding countryside. The township’s largest town, Kyaukpadaung, is about 6 kilometres away, Pagan is less than an hour’s drive. Other towns and villages are easy to reach on motorbike, bicycle, or local transport.


Popa and Surroundings အနုပညာမြိုင်ရဲ့ ရှုမောဖွယ်ဝန်းကျင်

ပုပ္ပါးဝန်းကျင်ဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၄ သန်းကတည်းက တခြားတောတွေနဲ့ အဆက်ပြတ်သွားခဲ့တဲ့ သီးခြားတောလိုဖြစ်နေပါတယ်။ သူ့မှာ ဇီဝမျိုးကွဲစုံတစ်ချို့ဟာ တခြားနေရာနဲ့ မတူပဲလည်း ဖြစ်နေပါတယ်။ မှတ်တမ်းမတင်ရသေးတဲ့ ပရိုင်းမိတ်မျိုးစိတ်သစ်တစ်ခုကို ကမ္ဘာ့သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာပဲ အတည်ပြု ကြေငြာခဲ့ပါတယ်။

The forest of Mount Popa play a major role in the history, culture, and art of Myanmar. The volcano, rising over 1000 metres out of a nearly flat plains, forms an ecological niche. Many species of birds, bats, and flowers flourish in the coolness of its slopes. Seven microclimates are found around and inside the volcano.

အနုပညာမြိုင်အနီးက

ကြာကန်နဲ့ပုပ္ပါးတောင်မကြီး

မြင်ကွင်း

Mount Popa seen from a lily pond near Popa Art Resort

The last eruption of Mount Popa resulted in an implosion that blasted away one side of the mountain about 8000 years ago. It is technically not extinct, but there is no measurable volcanic activity. Geologically it is quite interesting. Follow this link for scientific description of the volcano from the Smithsonian Institute with links to articles. In 2017, the Geological Society published a book about the geology of Myanmar, which can be found here. The Myanmar Geosciences Society is also very active in research.

နတ်တို့စံပျော်ရာလို့ပြောတဲ့ ပုပ္ပါးတောင်ကလပ်နဲ့ တောင်မကြီးဟာ ထူးခြားတဲ့ယဉ်ကျေးမှုပေါက်ဖွားရာ ဖြစ်သလို ပုဂံရဲ့သမိုင်းရာဇဝင်နဲ့ စဉ်ဆက်မပြတ် ဆက်နွယ်နေပါတယ်။ ရှေးအကျဆုံးကဗျာအဖွဲ့ဟာ ပုပ္ပါးတောင်အဖွဲ့ပါ။ ရွှေနှင့်ယိုးမှား ပန်းစကားပါ။ ပုပ္ပါးတောင်ဝန်းကျင်မှာ မှီတင်းနေထိုင်ကြတဲ့ကျေးရွာပေါင်း ၄၀ ကျော်ရှိပါတယ်။ ဆည်ပေါက်၊ ညောင်ကန်ဆိုတဲ့ ရွာနှစ်ရွာဟာလည်း ပုပ္ပါးတောင်ခြေက ရွာနှစ်ရွာဖြစ်ပါတယ်။

Popa is said to be home of the nat spirits. Between the mountain and Kyaukpadaung is Taung Kalat, a steep lava formation now decked with pagodas. It figures in old poetry and the history of Pagan. Popa village is near Taung Kalat, and 40 other villages surround the mountain. Of them, Hse-bauk is the nearest to Popa Art Resort.

အနီးမှာရှေးခေတ်ကျောက်ခေတ်လူတွေ ဆားချက်ခဲ့တဲ့နေရာ ဆားကျင်းဘုရားနဲ့ မယ်သက်ခိုင်ကန်ရှိပါတယ်။ နှစ်ရာနဲ့ချီခဲ့တဲ့ မန်ကျည်းတောကြီးဟာ နွေရာသီကလွဲလို့ အုပ်ဆိုင်းမြင့်မားတဲ့၊ အေးမြတဲ့နေရာပါ။

The villages have many pleasant places to visit. Salt was produced in some of the villages in pre-historic times, and there is still a pagoda called ‘Salt Mine Pagoda’. Great stands of tamarind trees shade parts of the area.

မကြာခင်မှာ Geo Park ဘူမိဗေဒဥယျာဉ်တစ်ခုကို ရှေးသံခေတ်က သံဖိုတွေတွေ့ရှိတဲ့ သံဖိုရွာအနီးမှာ တည်ဆောက်ဖို့ မျှော်မှန်းထားကြပါတယ်။ အင်ကြင်းကျောက်လို့ အရပ်ခေါ်ခေါ်ကြတဲ့ ရှေးသစ်ပင်မျိုးစုံရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ တွေ့နိုင်ပါတယ်။

A Geo Park is planned, which will featured petrified wood among other finds. In addition, excavations from the Iron Age are expected. One village is called ‘Iron Forge Village’, and may have remnants of ancient settlements.

အညာဒေသရဲ့ ထွက်ကုန်မျိုးစုံကို ဈေးလယ်ရင် လေ့လာနိုင်လို ရှင်သန်နေတဲ့လူနေမှုကို ယဉ်ကျေးမှုတစ်ခုလို ခံစားကြည့်ရှုနိုင်ပါတယ်။ ရွာတွေကိုလယ်ရတာလည်း ပျော်စရာကောင်းလွန်းလှပါတယ်။ ဆည်ပေါက်၊ ညောင်ကန်ဆိုတာလည်း ပန်းမျိုးစုံစိုက်ပျိုးကြတဲ့ ပန်းဥယျဉ်ကြီးပါ။

The markets of the area have many local goods, including cotton cloth, blacksmith’s wares, delicious sesame and other local produce, fresh flowers, and handmade household goods. Each village also has its own character and history.

ကျောက်ပန်းတောင်းစျေး

ပုပ္ပါးအနုပညာမြိုင်ဟာ ပုပ္ပါးတောင်ခြေ၊ ဆည်ပေါက်ရွာ၊ ဆားကျင်းဘုရားအနီး၊ ပန်းထုပ်ချောင်းဘေး၊ မန်ကျည်းတောမှာရှိပါတယ်။ ဒီနေရာလေးကိုဗဟိုပြုပြီး ပုပ္ပါးအနီးတဝိုက်ကရှုခင်းသာတွေဆီ အလည်သွားလို့ရသလိုနဲ့ နာမည်ကျော်ကြက်မောက်တောင်ဆည်နဲ့ ပုဂံကိုလည်း သွားရောက်လည်ပတ်လို့ရပါတယ်။

From Popa Art Resort there are views of Mount Popa, and gardens to relax in. There are many short and long walks nearby.

အနုပညာမြိုင်ဆိုတဲ့ နာမည်နဲ့အတူ ခေတ်အဆက်ဆက်က နာမည်ကျော်ပန်းချီလက်ရာတွေ စုဆောင်းထားတာ၊ ကဗျာတောအုပ်နဲ့ ရုပ်ရှင်ပိုစတာ၊ ကြော်ငြာအနုပညာနဲ့ ပုံရိပ်သမိုင်းပေါင်းစုံကို တက္ကသိုလ်တစ်ခုလို မျက်မြင်သင်ယူလေ့လာခံစားနိုင်ပါတယ်။ အနုပညာကိုချစ်ခြင်းဟာ သဘာဝတရားကြီးကိုလည်း ချစ်တတ်စေပြီး ပကာသနစိတ်ဓာတ်တွေဖယ်ခွာဖို့ အကောင်းဆုံးဆိုတာ ကျွန်ုပ်တို့ရဲ့ ခံယူချက်ပါပဲ။

Popa Art Resort, true to its name, also has a collection of paintings in a range of styles and periods, a poetry grove, graphic arts such as movie posters and old advertisements, and various items from history of printing. Much can be learned from this displays and the nature all around. We hope that visitors will cherish the nature and heritage they experience at Popa Art Resort.

အနုပညာမြိုင်ရှိရာမန်ကျည်းတော

Exhibition Spaces ပြခန်းပြတိုက်နေရာများ

အနုပညာမြိုင်မှာ ခေတ်အဆက်ဆက်ပန်းချီလက်ရာတွေ ပြသထားရှိတဲ့ ပြခန်းရှိသလို ရုပ်ရှင်ပိုစတာ၊ ကာတွန်းပိုစတာ စတဲ့ရှားပါးတဲ့ပုံနှိပ်လက်ရာ အနုပညာမျိုးစုံကို စုဆောင်းထားရှိပါတယ်။ ဒီလက်ရာတွေကနေတဆင့် ခေတ်အမျိုးမျိုးအကြောင်းကို နားလည်လေ့လာနိုင်ပါတယ်။ လူထုအမှတ်သညာပွဲတော်ဆိုပြီး ကျင်းပခဲ့တဲ့ဓာပုံအဟောင်းတွေလည်း သောင်းနဲ့သိန်းနဲ့ချီပြီး စုဆောင်းထားရှိတဲ့အပြင် အခါအားလျော်စွာ ပြပွဲတွေစီမံခင်းကျင်းသွားဖို့လည်း အဆင်သင့်ရှိနေပါတယ်။

ပြခန်းတွင်းခင်းကျင်းမှုနဲ့ ပြခန်းပြင်ပခင်းကျင်းမှု နှစ်မျိုးလုံးထားရှိပါတယ်။ မြန်မာကဗျာတွေကို သစ်ပင်တွေအောက်မှာ ခံစားနိုင်ဖို့ ကဗျာတောအုပ်တစ်ခုလည်း အင်စတော်လေးရှင်း အနုပညာလိုရှိနေတယ်။ သီးခြားအနုပညာ သဘာဝဝန်းကျင်တစ်ခုပါ။

ပုပ္ပါးအနုပညာမြိုင်ရှိ ပြခန်း၊ ပြတိုက်များနှင့် နားနေဆောင်များ

၁။ ပန်မူရာခန်းမ

ပန်မူရာခန်းမသည် ပုပ္ပါးအနုပညာမြိုင်၏ အကြီးဆုံးခန်းမဖြစ်သည်။ ခေတ်သစ်၊ ခေတ်ဟောင်း ပန်းချီလက်ရာများကို ခင်းကျင်းပြသသွားမည့်နေရာဖြစ်ပါသည်။ ပင်မခန်းမအဖြစ် အမြဲတမ်းလဲလှယ် ပြသသွားပါမည်။

၂။ ဝသုန္ဒြေအမေခန်းမ

            ဝသုန္ဒြေအမေခန်းမသည် စာအုပ်ပြတိုက်ဖြစ်၍ မြန်မာ့အသိဉာဏ်သမိုင်းကို ထင်ဟပ်ပြသသွားမည့် နေရာ ဖြစ်ပါသည်။ စာအုပ်များ၊ စာအုပ်ထုတ်လုပ်ခဲ့သော ဒီဇိုင်း၊ ဘလောက်တုံးများနှင့် ပုံနှိပ်ရာဇဝင်တို့ ပါဝင်ပါသည်။

၃။ လင်းဦးတာရာခန်းမ

            လင်းဦးတာရာခန်းမသည် ပန်းချီ၊ ဒီဇိုင်း၊ အနုပညာကို အသုံးပြု၍ ပုံနှိပ်ခဲ့ကြသော ရုပ်ရှင်၊ စာအုပ်၊ ကာတွန်း၊ ဝါဒဖြန့်ချိရေးပိုစတာများကို ခင်းကျင်းပြသသွားမည့်နေရာ ဖြစ်ပါသည်။

၄။ ရွှေလသာဆောင်ခန်းမ

            ဤခန်းမသည် ကျေးလက်နေထိုင်မှုဓလေ့နှင့် မြန်မာတို့၏ လူနေမှုပုံစံကို ကိုယ်စားပြုသည့် လက်သမားပညာနှင့် ဗိသုကာပညာတို့ကို မပျောက်ပျက်စေရန် ပြန်လည်တင်ဆက်၍ ခင်းကျင်းပြသမည် ဖြစ်ပါသည်။

၅။ အညာအထာခန်းမ

            ဤခန်းမတွင် ခေတ်အဆက်ဆက် ကျေးလက်လူထု၏ ခေတ်အဆက်ဆက် စားသောက်ပုံ၊ ဝတ်စားဆင်ယင်ပုံတို့ကို ထင်ဟပ်စေသည့် အဆင်အကွက်များဖြင့် ခင်းကျင်းပြသမည့်နေရာ ဖြစ်ပါသည်။

၆။ စန္နကူးဆောင်

            ပုပ္ပါးဒေသထွက် ကျောက်ပျဉ်ဆောက်လုပ်ထား၍ အခန်း (၅) ခန်း ပါရှိပြီး ရိုးရှင်းသော နေထိုင်မှုပုံစံဖြင့် တည်းခိုနိုင်သောအဆောင် ဖြစ်ပါသည်။

၇။ ရှုမဝဆောင်

            ပုပ္ပါးတောင်မကြီးနှင့် တောင်ကလပ်တို့ကို အကောင်းဆုံးမြင်ကွင်းအနေအထားဖြင့် ရှုမျှော်ကြည့်ရှု နိုင်သည့် အဆောင်ဖြစ်ပါသည်။ ခေတ်မီအဆောင်ဖြစ်၍ ခေတ်သစ်ဗိသုကာပညာဖြင့် ဆောက်လုပ်ထားကာ အခန်း (၈) ခန်း ပါရှိပါသည်။

၈။ ပျားရည်အိမ်

            မိသားစုဧည့်ခန်းတစ်ခုပါဝင်ကာ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်သော ရိုးရာထရံကွက်များဖြင့် ဆင်ယင်ထားသောအဆောင် ဖြစ်ပါသည်။

နားနေဆောင်များ

ကျေးလက်ဆန်ဆန် တည်းခိုစရာတွေနဲ့ ခေတ်မှီမှီအိပ်ခန်းတွေလည်းရှိပါတယ်။ ပြုပြင် ပြင်ဆင်မှုနည်းနည်းနဲ့ ပတ်ဝန်းကျင်နဲ့အညာသစ်ပင်အများစုကို ဦးစားပေးလို့ ဒေသရဲ့အငွေ့အသက်ကို ခံစားနိုင်ပါတယ်။ စိတ်ပေါ့ပါးစွာနေပြီး သဘာဝနဲ့ရောနှောနေတဲ့ နေမှုပုံစံဖြစ်ပါတယ်။ ဝါးကွပ်ပြစ်တွေ၊ ထန်းသားပက်လက်ကုလားထိုင်နဲ့ အနားယူစရာနေရာတွေ အများကြီးရှိပါတယ်။


Activities လှုပ်ရှားမှုများ

နှစ် ၆၀ ပြည့် ဂျာမန်-မြန်မာချစ်ကြည်ရေးဂီတပွဲတော်ကို ဂျာမန်အနုပညာရှင်တွေ၊ မြန်မာကာတွန်းဆရာတွေ၊ အကနဲ့ ဆိုင်းအဖွဲ့တွေနဲ့အတူ ကျင်းပခဲ့ပါတယ်။ မင်းသားကြီးနန်းဝင်းနဲ့ ကျောက်ပန်းတောင်းမြို့ဆိုင်းအဖွဲ့၊ အကအဖွဲ့တွေပါဝင်ခဲ့ပါတယ်။ ဂျာမန်နိုင်ငံယဉ်ကျေးမှုအတွင်းဝန် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

Popa Art Resort has hosted festivals, travelling groups, exhibitions, and performances. There is indoor and outdoor space for different activities.

Catering with fresh and delicious local food is available.

နိုင်ငံတကာရေဆေးပန်းချီအသင်းနဲ့ New Treasure Gallery ပိုင်ရှင် ပန်းချီ မင်းဝေအောင်တို့ ဦးဆောင်ပြီး နိုင်ငံ ၃၂ နိုင်ငံက ရေဆေးပန်းချီပညာရှင် ၁၅၀ လောက် လာရောက်ပြီး ပုပ္ပါးအနုပညာမြိုင်ဝန်းကျင်မှာ ရှုခင်းပန်းချီတွေ ရေးဆွဲခဲ့ကြပါတယ်။

စပိန်နိုင်ငံရဲ့ မြန်မာစားသောက်ဆိုင်ဖြစ်တဲ့ “မခင်ကဖေး” နဲ့အတူ အညာစာတွေ ချက်ပြုတ်ပြီး မှတ်တမ်းတင်ကြတယ်။ ကျောက်ပန်းတောင်းဈေးမှာ ဈေးဝယ်ရင်း ဈေးယဉ်ကျေးမှုနဲ့ အစားအသောက်ယဉ်ကျေးမှုကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

နှစ်စဉ်ပုပ္ပါးတောင်မကြီးကို ပန်းချီဆရာတွေနဲ့ တက်ရောက်တဲ့ တောင်တက်ပွဲကို အနုပညာမြိုင်မှာ တည်းခိုတက်ရောက်ကြပါတယ်။

International Watercolour Festival, 2019

နိုင်ငံတကာရေဆေးပန်းချီပွဲတော်၊ ၂၀၁၉ ခုနှစ်