Activities လှုပ်ရှားမှုများ

နှစ် ၆၀ ပြည့် ဂျာမန်-မြန်မာချစ်ကြည်ရေးဂီတပွဲတော်ကို ဂျာမန်အနုပညာရှင်တွေ၊ မြန်မာကာတွန်းဆရာတွေ၊ အကနဲ့ ဆိုင်းအဖွဲ့တွေနဲ့အတူ ကျင်းပခဲ့ပါတယ်။ မင်းသားကြီးနန်းဝင်းနဲ့ ကျောက်ပန်းတောင်းမြို့ဆိုင်းအဖွဲ့၊ အကအဖွဲ့တွေပါဝင်ခဲ့ပါတယ်။ ဂျာမန်နိုင်ငံယဉ်ကျေးမှုအတွင်းဝန် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

Popa Art Resort has hosted festivals, travelling groups, exhibitions, and performances. There is indoor and outdoor space for different activities.

Catering with fresh and delicious local food is available.

နိုင်ငံတကာရေဆေးပန်းချီအသင်းနဲ့ New Treasure Gallery ပိုင်ရှင် ပန်းချီ မင်းဝေအောင်တို့ ဦးဆောင်ပြီး နိုင်ငံ ၃၂ နိုင်ငံက ရေဆေးပန်းချီပညာရှင် ၁၅၀ လောက် လာရောက်ပြီး ပုပ္ပါးအနုပညာမြိုင်ဝန်းကျင်မှာ ရှုခင်းပန်းချီတွေ ရေးဆွဲခဲ့ကြပါတယ်။

စပိန်နိုင်ငံရဲ့ မြန်မာစားသောက်ဆိုင်ဖြစ်တဲ့ “မခင်ကဖေး” နဲ့အတူ အညာစာတွေ ချက်ပြုတ်ပြီး မှတ်တမ်းတင်ကြတယ်။ ကျောက်ပန်းတောင်းဈေးမှာ ဈေးဝယ်ရင်း ဈေးယဉ်ကျေးမှုနဲ့ အစားအသောက်ယဉ်ကျေးမှုကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

နှစ်စဉ်ပုပ္ပါးတောင်မကြီးကို ပန်းချီဆရာတွေနဲ့ တက်ရောက်တဲ့ တောင်တက်ပွဲကို အနုပညာမြိုင်မှာ တည်းခိုတက်ရောက်ကြပါတယ်။

International Watercolour Festival, 2019

နိုင်ငံတကာရေဆေးပန်းချီပွဲတော်၊ ၂၀၁၉ ခုနှစ်