Pan – Ed ပန်ကျောင်းတော်

လူငယ်ပညာရေးနှင့် အနုပညာကျောင်းတော်

“ပန်ကျောင်းတော်၊ Pan-Ed” ဟာ လူငယ်တို့ရဲ့ပညာရေးအတွက် အနုပညာရှင်တွေရဲ့ အားထုတ်မှုနဲ့ စီစဉ်တင်ဆက်မယ့် ဗဟုသုတ၊ သိပ္ပံနဲ့အနုပညာ၊ သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာတွေကို စီစဉ်တင်ဆက်မယ့် အစီအစဉ်ဖြစ်ပါတယ်။ လူငယ်တို့ (အသက် (၂၀) မတိုင်ခင်) သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရှေးမြန်မာကဗျာတွေဟာလည်း ပန်ကျောင်းတော် (Pan Ed) ရဲ့ အစီအစဉ်တစ်ခုအဖြစ် ပန်းချီဆရာတွေရဲ့ သရုပ်‌ဖော်မှုနဲ့အတူ ဗွီဒီယိုအဖြစ် စီစဉ်တင်ဆက်လိုက်ပါတယ်။ ပန်ကျောင်းတော် (Pan Ed) ရဲ့ အစီအစဉ်အသစ်တွေနဲ့ တင်ဆက်မှုအသစ်တွေကို Youtube က Pansodan Media မှာ Subscribe လုပ်နိုင်ပါတယ်။ ပုပ္ပါးအနုပညာမြိုင်ဟာ အနုပညာကျောင်းတော်အတွက် သစ်ရိပ်ဝါးရိပ်အောက်က အနုပညာစာသင်ခန်းလည်း ဖြစ်ပါတယ်။

ရှေးမြန်မာကဗျာ

သမိုင်းယဉ်ကျေးမှု